ဒေးဒရဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ဒေးဒရဲ စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် စာပေဗဟုသုတ တိုးပွားစေရေး၊ အကျိုးအကြောင်း၊ အကောင်း အဆိုးကို ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသများသို့ ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင် ရေးနှင့် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၁၁)နာရီက တညင်ကုန်း ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်​တင်ရေး   ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းများကို ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ အနာဂါတ်ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုမှု တိုးပွားစေရေး ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးမှ ပြသထားသော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း