မတ္တရာ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ ဓာတ်အားပျောက်ဆုံးခြင်းများလျော့နည်းစေရေးတို့အတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက်က မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း၊ မတ္တရာ မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည်33KV ဒင်္ဂါးချောင်းလိုင်း (၁) လျှပ်စစ် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းခုတ် ထွင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မတ္တရာမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ ဓာတ်အားပျောက်ဆုံးခြင်းများ လျော့နည်းကျဆင်းရေးလုပ်ငန်းများကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)