ဒက္ခိဏသီရိမြို့နယ်တွင် တောင်သူများအား သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃) အချိုးကျ ပေါင်းစပ်သုံးစွဲနည်း သင်တန်းပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျွန်းတက်ပဲ့ ကျေးရွာအုပ်စု၊ ဆည်စုကျေးရွာအတွင်းရှိ တောင်သူများအား သဘာဝမြေဆွေး ပြုလုပ်သုံးစွဲနည်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃) အချိုးကျ ပေါင်းစပ်သုံးစွဲနည်း သင်တန်းပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။