မိုင်းယုမြို့၌ ဆင်းဧကရီ-၃ မျိုးသန့်မျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာန၏ ယခုနှစ်မိုးသီးနှံ ဆင်းဧကရီ-၃ (RS to CS) မျိုးသန့် မျိုးစေ့ထုတ် စံပြကွက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအား ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျော်ဇေယျာသီရိခန်းမတွင် ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့ညနေပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ ကုတင်(၅၀)ရှေ့ သံလွင်လမ်းမကြီးနှင့် မြို့နယ်ပြည်သူ့ဆေးရုံး ကုတင်(၃၀၀)ရှေ့မြို့ပတ်လမ်းများတွင် Mask Campaign ပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်း၊ မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ဇေယျာသီရိမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်း၊ မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယန့နံနက်ပိုင်းကကျင်းပခဲ့သည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (community centre ) ၌ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များ ကာယ၊ ဉာဏစွမ်းရည် တိုးတက် စေရန်ရည်ရွယ်၍  ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြု ဗဟိုဌာန (community centre) ခန်းမတွင် ကျင်းပခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ နွားမေထုန်မဲ့ သားစပ်သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နွားမေထုန်မဲ့သားစပ်သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပုဇွန်တောင်မြို့နယ်ရှိ ကွက်သစ်လမ်းနှင့် အိမ်ကြီးလမ်းရှိ ဈေးများတွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ရောဂါတားဆီးကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကူးစက်မှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ပုဇွန်တောင်မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက် ၈ နာရီက ပုဇွန်တောင်မြို့နယ်ရှိ ကွက်သစ်လမ်းနှင့် အိမ်ကြီးလမ်းတို့ရှိ ‌ဈေးများတွင် ဈေးရောင်းချသူများ၊ ဈေးဝယ်ကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to