ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လတ်တလောဖြစ်ပွားနေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၃) နာရီက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နိုင်ငံတော်မှ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့်လူငယ်ရေးရာကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ ကျောင်းသူ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်တုန်းမြို့နယ်၊ ဗောဓိအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

သီပေါမြို့မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ နံနက်(၈)နာရီကစတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုဒေသအတွင်းစီးပွားရေးဖွံဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးသို့တက်ရောက်

ဒေသအတွင်း စီးပွားရေးဖွံဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချီဖွေမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ရှိန်​​​မြှင့်တင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာဖတ်ရှိန်​​​မြှင့်တင်ရေးနှင့် ​ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျောင်းသား/ကျောင်းသူများ စာဖတ်စွမ်းရည် စာလုံးပေါင်းသတ်ပုံများ မှတ်သားလေ့လာမိစေရန်အတွက် စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဏ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းသည် ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးလှဝင်းနှင့်အတူ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဏဖွံ့ဖြိုးတိုးရေးအတွက်

နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့်ဆီများ ဆက်လက်ရောင်းချပေး

နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆန်တစ်ပြည် ငွေ(၁၀၀၀)ကျပ်၊ စားသုံးဆီတစ်ပိဿာလျင် (၅၀၀၀) ကျပ်နှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ကျိုင်းတုံမြို့မဈေးကြီးနှင့် နာရီစင်ရှေ့တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စစ်ဆေးကြပ်မတ် အသိပညာပေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ယမန်နေ့ နံနက် ၄ နာရီ အချိန်မှစ၍ မြို့အဝင် အထွက်လမ်းဆုံများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စစ်ဆေးအသိပညာပေးခြင်းများကို နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to