ချီဖွေ စက်တင်ဘာ ၂၁
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျောင်းသား/ကျောင်းသူများ စာဖတ်စွမ်းရည် စာလုံးပေါင်းသတ်ပုံများ မှတ်သားလေ့လာမိစေရန်အတွက် စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက လူငယ်လူရွယ်များ စာပေဖတ်ရှုခြင်းက ဖတ်မှတ် နိုင်စွမ်း မြှင့်မားလာစေခြင်း၊ မြန်မာစာပေ စာလုံးသတ်ပုံများ မှတ်သားလေ့လာမိစေရန်၊ မမြန်မာစာပေ အရေးအသားများကို သိရှိနားလည်စေရန်၊ မြန်မာစာရေးသားရာတွင် စာလုံးပေါင်းသတ်ပုံများ မှန်ကန်စွာ ရေးသားတတ်စေရန်နှင့် အာရုံစူးစိုက် လေ့လာမှတ်သားခြင်းမှ ကျောင်းသား လူငယ်တို့ စာပေဖတ်ရှု့သည့်အခါ အရေးမှန်ကန်စွာ၊ အသံထွက်မှန်ကန်စွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများက တေဇာရုပ်စုံ အတွဲ(၃၂)၊ အမှတ်(၂)စာစောင် စာအုပ်မှ မိမိတို့ဖတ်မှတ်နိုင်စွမ်းရှိသော စာပိုဒ်များကို ဖတ်သားခဲ့ရာ ကျောင်းသား /ကျောင်းသူ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်၍ အကောင်းဆုံးဖတ်နိုင်စွမ်း ကျောင်းသား ကျောင်းသူများကို ပထမ၊ ဒုတိယ၊ တတိယ ဆုများရွေးချယ်ပြီး ဆုများပေးအပ်ခဲ့သည်။
မေခမွန်(ပြန်/ဆက်)