မိတ္ထီလာခရိုင်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများအတွက် ထောက်ပံ့ငွေ ၂၆.၅၇၉ သန်း ကျော်အား ထောက်ပံ့ပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ သဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးမှုများနှင့် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများအတွက် ထောက်ပံ့ငွေ ၂၆.၅၇၉ သန်းကျော်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။