တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုဒေသအတွင်းစီးပွားရေးဖွံဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးသို့တက်ရောက်

ထားဝယ်     စက်တင်ဘာ ၂၁

ဒေသအတွင်း စီးပွားရေးဖွံဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီအစည်း အဝေးသည်ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ပထမအကြိမ်အစည်းအဝေးတွင် ဆောင်ရွက်ရမည့်ကိစ္စရပ်များဆောင်ရွက်မည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ စိုက်ပျိမွေးမြူရေးလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်သည့်ဝန်ကြီးများက ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့မှုအပေါ်မူတည်ပြီး တွေ့ရှိချက်များ၊ အမှန်တကယ်လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် စနစ်တကျ ထုတ်ပေး နိုင်ရေးအထူးဂရုပြုရန်လိုအပ်ကြောင်း၊ မတည်ထောက်ပံ့ငွေများ တိုးပွားလာစေရေး စီမံ ဆောင်ရွက်ရန်ကိစ္စရပ်မျာ အပေါ်တွင် နွေစပါး၊ နွေစပါးစိုက်ပျိုးရန်ခက်ခဲသည့် နေရာများတွင် ပဲစမ်းသပ်စိုက်ပျိုးရန်စားသုံးဆီနှင့်ဆန်းစပါးဖူလုံနိုင်ရန်အတွက် စက်ပစ္စည်းများ၊ မျိုးစပါးများစသည့်လုပ်ငန်းများတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက် လာသည့် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံဉာဏ်များပေးစေလိုကြောင်း၊ အမှန်တကယ်လိုအပ်နေရာများ၊ အရေတကြီး လိုအပ်သောနေရာများတွင်တိုင်းဒေသကြီး အစိုးရကအနေဖြင့် သက်ဆိုင်ရာဌာနများအားညှိနှိုင်းဆောင်ရွက်ပြီးမတည် ထောက်ပံ့ငွေများ ထုတ် ပေးသွားမှာဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ ကဖြည့်စွက်ဆွေးနွေးတင်ပြပြီး ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဒေသအတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်းအကောင် အထည်ဖော်ရေး ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)