ဇမ္ဗူသီရိ စက်တင်ဘာ ၂၁
နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆန်တစ်ပြည် ငွေ(၁၀၀၀)ကျပ်၊ စားသုံးဆီတစ်ပိဿာလျင် (၅၀၀၀) ကျပ်နှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရွှေကြာပင်ရပ်ကွက်(သာယာကုန်း) အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုတစ်စုလျင် အခြေခံ စားကုန် ဆန်တစ်ပြည်ငွေ (၁၀၀၀) ကျပ်၊ စားသုံးဆီတစ်ပိဿာလျင် (၅၀၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၃၀၀) စုတို့အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)