ကျိုင်းတုံမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ

ကျိုင်းတုံ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်  နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ကျိုင်းတုံမြို့မဈေးကြီးနှင့် နာရီစင်ရှေ့တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက ကျိုင်းတုံမြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးပြီး စနစ်တကျတပ်ဆင်၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန်နှင့် ဆောင်ရန်၊ရှောင်ရန်အချက်များ အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

ထို့အပြင် လူစည်ကားသည့် ကျိုင်းတုံနာရီစင်ရှေ့တွင် အပြင်ထွက်သွားလာသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။