နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များအား စာတတ်မြောက်ခြင်း၊ စာဖတ်ရှိန်မြင့်မားခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆောင်းပါးအား စာဖတ်ဝိုင်းပြုလုပ်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ တွင် ယမန်နေ့ နေ့လည် (၂)နာရီက ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၁၇) စာရေးသူ ယု(ဟီးရိုး)၏ စာတတ်မြောက်ခြင်း၊ စာဖတ်ရှိန်မြင့်မားခြင်းနှင့် နိုင်ငံဖွံဖြိုးမှုတိုးတက်မှုဆောင်းပါးအား စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။