မိုင်းဖြတ် ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သီးထပ်စွမ်းအားတိုးတက်ရေးနှင့်စားသုံးဆီဖူလုံရေးအတွက်ရည်ရွယ်ပြီး မျိုးစေ့များ (အခမဲ့) ပေးအပ်ခြင်းကို ဒီဇင်ဘာလ ၁၂ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ရယူပြီး သီးနှံများအထွက်တိုးရေး စနစ်တကျစိုက်ပျိုးနိုင်ရေးနှင့်စပ်လျဉ်း၍ အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က သီးနှံများပေးအပ်ရခြင်း၏ရည်ရွယ်ချက်များ၊သီးနှံစိုက်ပျိုးနည်းစနစ်များကို ပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့် မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအီလျံတို့က မိုင်းဖြတ်အုပ်စု၊ နမ့်ကုန်းအုပ်စု၊ တောညုအုပ်စုတို့မှ တောင်သူ (၃၃) ဦးအတွက် ပဲပုတ် (၃၂) တင်း၊ မြေပဲ(၁၆) တင်း၊ နေကြာ(၁၅)ကီလိုနှင့် အာလူးတို့ကို တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)