ကျုံပျော်မြို့နယ် ရွာသစ်ကျေးရွာ၌ ဆိုလာသုံးဝါယာကြိုး အပူလွန်ကဲမှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

ကျုံပျော် ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်စခန်းနှင့် နှစ်မိုင်ခန့် ကွာဝေးသော ပျဉ်ချဆိပ်အုပ်စု  ‌ရွာသစ်ကျေးရွာ၌ ယမန်နေ့ည ၁၁ နာရီ ၅၀ မိနစ်အချိန်က ဆိုလာသုံးဝါယာကြိုး အပူလွန်ကဲမှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ မီးသတ်စခန်းသို့ ည ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် သတင်းပေးပို့သဖြင့်  မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၁၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့က သွားရောက် ငြှိမ်းသတ်ခဲ့ရာ ည ၁၂ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ယနေ့နံနက် ၀၀း၁၀ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှု အကြောင်းအရင်းမှာ  ဦးမြင့်မောင်၏ နေအိမ်မှ ဆိုလာသုံးဝါယာကြိုးအပူလွန်ကဲ၍ အနီးရှိအကာထရံအား မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ မီးလောင်မှုကြောင့် ဦးမြင့်မောင်၏ (၁၀x၁၀) ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း နေအိမ်တစ်လုံး၊ ဦးစန်းမြင့်၏ (၁၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးခင်းနေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိ‌ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသော အိမ်ပိုင်ရှင် ဦးမြင့်မောင်၏ဇနီးဖြစ်သူ ဒေါ်တင်တင်နိုင် အသက် (၅၂) နှစ်အား ကျုံပျော် မြို့မရဲစခန်းက (ပ- ၁၀၆ (၂ဝ၂၅)၊ ပြစ်မှုပုဒ်မ (၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

 မြို့နယ်(ပြန်/ဆက်)