ငွေဆောင် ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း အားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ်လက်ကမ်းစာစောင်များအား ငွေဆောင်မြို့ရှိ လူစည်ကားရာနေရာများတွင် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများပူးပေါင်း၍ ဆက်လက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို ငွေဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ငွေဆောင်မြို့မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ ပူးပေါင်း၍ ငွေဆောင်မြို့၏ အချက်အချာကျရာ မြို့မလမ်းရှိ စားသောက်ဆိုင်များ၊ ဈေးတန်း များ၊ ငွေဆောင်မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်၊ မြို့ပတ်လမ်းမကြီးနှင့် အ.ထ.က(ငွေဆောင်) စာသင်ကျောင်းရှေ့တို့တွင် ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြ သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့ အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများ လိုလား သည့် ဒီမိုကရေစီ၊နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီ ခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ ဟူသော အချက်များ ပါရှိကြောင်း သိရသည်။
R – 014( ငွေဆောင်)