နတ်တလင်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

နတ်တလင်း ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ သာယာဝတီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁ဝ နာရီက အ.ထ.က(နတ်တလင်း)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(နတ်တလင်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု စတင်ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်ထက်က Gender နှင့် ကျား/မ အခြေပြုအကြမ်းဖက်မှုအကြောင်းအရာများကို အသိပညာပေးပြောကြားပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ခင်ချိုဝင်းက အာဟာရရှေ့ဆောင်ရက်(၁၀၀၀)နှင့် အမျိုးသမီးကျန်းမာရေး အကြောင်းအရာများကို ဟောပြောခဲ့ကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)