လှိုင်းဘွဲမြို့နယ်အတွင်း၌ ဆန်ရိက္ခာဖူလုံစေရေးအတွက် နွေစပါးစုစုပေါင်း (၁၉၁၇၃)ဧကစိုက်ပျိုးရန်လျာထား
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၇ အုပ်စု၊ ကွင်းပေါင်း ၈၆ ကွင်းတို့၌ နွေစပါးစိုက်ပျိုးရန်အတွက် စုစုပေါင်း(၁၉၁၇၃)ဧက စိုက်ပျိုးသွားရန်လျာထားချက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ နွေစပါးစိုက်ပျိုးကြရာတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရေမြေသဘာဝနှင့် မျိုးကွဲအလိုက် ဆင်းသုခမျိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် ၄၃၅၈ ဧကကို တောင်သူများမှ စိုက်ပျိုးစီးထားပြီးဖြစ်ကြောင်းသိရသည်။