မင်းတုန်း ဒီဇင်ဘာ ၁၂
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာများကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းမှ ကြီးကြပ်၍ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်လမ်း၊ မြို့မအားကစားကွင်းရှေ့တွင် “ဒို့အတူတူမဲပေးကြမယ်” Billboard စိုက်ထူခဲ့ကြပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် အမှတ်(၄)ရပ်ကွက် ပြည်လမ်းနှင့် လမ်းမတော်လမ်းတို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်း ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများက လမ်းသွား လမ်းလာများအား ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ချင်းကလေး(NRDC)