ရွှေသောင်ယံမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓါတ်အားသုံးစွဲမှုနှင့်ပတ်သက်၍ အများပြည်သူသို့ အသိပေးပန်ကြားချက်ပိုစတာများကို ထင်သာမြင်သာရှိသောနေရာများတွင် လိုက်လံကပ်နှံ

ရွှေသောင်ယံ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်ပိုင်းက ရွှေသောင်ယံမြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓါတ်အားသုံးစွဲမှုနှင့်ပတ်သက်၍ အများပြည်သူသို့အသိပေးပန်ကြားချက် ဗီနိုင်းပိုစတာများကို လူအများထင်သာမြင်သာရှိသောနေရာများတွင် လိုက်လံကပ်နှံရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် လာရောက်ကပ်နှံခဲ့ကြောင်းသိရသည်။

အဆိုပါဗီနိုင်းပိုစတာတွင် ဓါတ်အားသုံးစွဲသူများအနေဖြင့်ခွင့်ပြုချက်မရှိဘဲ မီတာနေရာပြောင်းရွှေ့တပ်ဆင်ခြင်း၊ ဌာနမှတရားဝင်မှတ်ပုံတင်ဖြင့် ထုတ်ပေးထားခြင်းမရှိသည့် မီတာများအားတပ်ဆင်အသုံးပြုခြင်း၊ မီတာအားမူလအနေအထားမှ ချို့ယွင်းအောင်တနည်းနည်းဖြင့်ပြုပြင်ခြင်း၊ မြိုနယ်လျှပ်စစ်အင်ဂျင်နီယာ/မြို့လျှပ်စစ်မှူး၏ခွင့်ပြုချက်မရှိဘဲမီတာရှိ Seal များဖြတ်ခြင်း /ဖြုတ်ခြင်း၊ လျှပ်စစ်ဓါတ်အားကိုတရားမဝင် ချိတ်ဆက်သုံးစွဲခြင်းများအား လုံးဝမပြုလုပ်ကြရန်နှင့် တရားမဝင်ဓါတ်အားရယူသုံးစွဲခြင်းများအား စစ်ဆေးဖေါ်ထုတ်တွေ့ရှိပါက ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေအရလည်းကောင်း၊ ဌာန၏ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များအရလည်းကောင်း၊ တရားမဝင်ဓါတ်အားသုံးစွဲမှုများအတွက် လျော်ကြေး၊ ဒါဏ်ကြေး၊ နစ်နာကြေးများတောင်းခံခြင်း၊ ဖောက်ဖျက်ကျူးလွန်သည့် ပြစ်မှုအမျိုးအစားအလိုက် အနည်းဆုံးပြစ်ဒဏ်အဖြစ်ငွေကျပ် တစ်သိန်းမှအမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၁၀) နှစ်အထိချမှတ်နိုင်ကြောင်း ဖေါ်ပြထားသည်ကို ပြည်သူသို့အသိပေးပန်ကြားချက်ဗီနိုင်းပိုစတာတွင် တွေ့ရသည်။

ကိုကိုမောင်

ရွှေသောင်ယံ (ပြန်/ဆက်)