မိုင်းလုံမြို့  လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမတွင် စာလုံး‌ပေါင်းသတ်ပုံ အမှန် ရွေးချယ်ပြိုင်ပွဲကျင်းပ

မိုင်းလုံ စက်တင်ဘာ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးငယ်များ စာရေးသားရာတွင် စာလုံး‌ပေါင်းသတ်ပုံအမှား/အမှန် ခွဲခြားတက်စေရန် စာလုံးပေါင်းသတ်ပုံ အမှန်ရွေးချယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

ယခုလိုဆောင်ရွက်‌ပေးခြင်းသည် ကလေးများ၏ စိတ်ကိုပျော်ရွင်စေရန်၊ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစေရန်၊   စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးပြုစေရန်ရည်ရွယ်၍  ဆောင်ရွက်ရခြင်းဖြစ်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စုစုဝင်းက ကလေးငယ်များကို ဗဟုသုတရရှိစေရန် ကလေးစာပေ အကြောင်းများကိုလည်း ဆွေးနွေးဟောပြောပြီးနောက် စာလုံးပေါင်းသတ်ပုံ အမှန်ရွေးပြိုင်ပွဲ ဆက်လက်ကျင်းပရာ  အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၅)ဦးပါ၀င်ယှဉ်ပြိုင်ပြီး ဆုရကလေးများကို ဆုအသီးသီးချီးမြင့်၍ ပြိုင်ပွဲ၀င်ကလေးအားလုံးကို အမှတ်တရလက်ဆောင် စာအုပ်များ‌ပေးအပ်ကာ မုန့်နှင့်အချိုရည်များကို အာဟာရအဖြစ်တိုက်‌‌ကျွေးခဲ့ကြောင်း သိရသည်။   

ဇော်ဇော်(ပြန်/ဆက်)