နမ့်ဆန် စက်တင်ဘာလ ၂၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ တွင် ယမန်နေ့ နေ့လည် (၂)နာရီက ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၁၇) စာရေးသူ ယု(ဟီးရိုး)၏ စာတတ်မြောက်ခြင်း၊ စာဖတ်ရှိန်မြင့်မားခြင်းနှင့် နိုင်ငံဖွံဖြိုးမှုတိုးတက်မှုဆောင်းပါးအား စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ကျောင်းသားလူငယ်များ စာပေကိုလေ့လာဖတ်ရှုခြင်း အလေ့အကျင့်ကိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း “စာတတ်ခြင်းစာဖတ်ရှိန်မြင့်မားခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆောင်းပါးတွင်ပါရှိသည့် “စာဖတ်ခြင်းသည် လူတစ်ဦးတစ်ယောက်အတွက် သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအထောက်အပံ့ရရှိနိုင်သည် နိုင်ငံတစ်နိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ အဆိုပါနိုင်ငံရှိနိုင်ငံသားများကို အရေအတွက်မှသည် အရည်အချင်းသို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင်လည်း လူတိုင်းစာတတ်ကြဖို့လိုအပ်သကဲ့သို့ စာကိုလေ့လာဖတ်ရှုရန်လည်း လိုအပ်ပါသည်။ ဆက်လက်ပြီးမဝါဝါလွင်က ‘စာဖတ်ခြင်းသည် မိမိဘဝနှင့်အလုပ်ခွင်တွင် မရှိမဖြစ် လိုအပ်လျက်ရှိကြောင်း”နှင့် မောင်အောင်မြတ်သူက” မိမိဘဏ်ထဲတွင်ငွေမည်မျှထည့်ထားသည် မဟုတ်ဘဲ မိမိဦးနှောက်အသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်းသည်သာလျှင် အမှန်တကယ် ချမ်းသာခြင်းဖြစ်သည်”ကို ဖတ်ကြားဆွေးနွေးရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှလည်း ဆောင်းပါး ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
နမ့်ဆန်မြို့ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိ ပညာပေးဆွေးနွေးပွဲများ လစဉ်ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသားလူငယ်များ စာပေကို ဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်နှင့် အမှားအမှန်ကိုပိုင်းခြားသိပြီး ပူးပေါင်းဆွေးနွေး ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်ဆက်