ကျောက်ပန်းတောင်း စက်တင်ဘာ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့်ဝန်ထမ်းများသည်၊ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask များအခမဲ့ဝေငှခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက်၇နာရီခွဲအချိန်က မြို့မစည်ပင်သာယာဈေးအနီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။
ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်ဒုတိယဦးစီးမှူးများ၊ ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးမင်းနှင့်ယာဉ်ထိန်း တပ်ဖွဲ့ဝင်များပါဝင်၍ စုစုပေါင်းအင်အား(၂၅)ဦးဖြင့်၊ ပြည်သူများ ကိုဗစ်-၁၉ မျိုးဗီဇကွဲရောဂါများ ကူးစက်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask အခုရေ(၁၂၀၀)ကို၊ ဈေးသို့လာရောက်ကြသည့် ဈေးသည်/ဈေးဝယ်များအား အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)