ကျိုက်ထို စက်တင်ဘာ ၂၁
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများလုပ်ငန်းခွင်အတွင်း အထောက်အကူပြု သင်တန်းဖြစ်သည့် အခမ်းအနားမှူး သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး (မြို့နယ်အုပ်ချုပ်ရေးမှူး) က အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဆရာဦးတင်ထွေးက သင်တန်း၏အောင်မြင်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးမှဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)