တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

တောင်ဥက္ကလာပ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၊ ဇေယျာလမ်းမပေါ်တွင် ယမန်နေ့နံနက် (၈:၃၀)အချိန်က ကိုဗစ်-၁၉ ရောဂါရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ လမ်းသွားလမ်းလာခရီးသွားပြည်သူများ၊ အခြေခံစားသောက်ကုန်လာရောက် ဝယ်ယူကြသော မိဘပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်းသိရသည်။  

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါသော ပူးပေါင်းအဖွဲ့မှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များ၊ လမ်းညွှန်ချက်အပေါ် လိုက်နာကြရန်၊ ပြည်သူများ‌အနေဖြင့် နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ရေးအသိပညာပေးပြောကြားလျက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးကာ Mask Campaign ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

စိုးဝဏ္ဏထွန်း(ပြန်/ဆက်)