မြဝတီ စက်တင်ဘာ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီက စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။
မြဝတီမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း သက်ကြီး ဘိုး၊ ဘွား ပင်စင်စားများ၏ လစာငွေထုတ်ယူရာတွင် နေရာအခက်အခဲမဖြစ်စေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း လူစု၊ လူဝေး မဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များအတိုင်း စီစဉ်ဆောင်ရွက်ပေးထားပြီး အချိန်တိုအတွင်း ပင်စင်လစာငွေများကို အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးသည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို လစဉ် ၂၁ ရက်နေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးရာတွင် မြဝတီမြို့ရှိ အငြိမ်းစားဝန်ထမ်း (၄၀၀) ကျော်တို့အား ထုတ်ပေးပြီးဖြစ်ကာ ထုတ်ယူရန်ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကိုလည်း သတ်မှတ်ရက် ဘဏ်ဖွင့်ချိန်အတွင်း နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း (ပြန်/ဆက်)