ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံ၍ ကျန်းမာရေးစစ်ကြောင်းမှ Mask များဖြန့်ဝေပေး

ဒဂုံ   စက်တင်ဘာ  ၂၁                                                                        

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်၀င်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယမန်နေ့နံနက် ၉ နာရီမှ ၁၂:၃၀ နာရီထိ ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးစောပိုင်၊ အဖွဲ့ဝင်(၂)ဦးမြင့်အေး၊ အတွင်းရေးမှူးယာယီရဲမှူးမင်းခိုင်တို့မှ ကြီးကြပ်၍ ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေပြည်ပါ ကျန်းမာရေးဝန်ထမ်း ၁၀ ဦးနှင့်ကျန်းမာရေးစစ်ကြောင်းအဖွဲ့ဝင်များက ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ဦးဝိစာရရပ်ကွက်တို့မှ အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပထမအကြိမ်အဖြစ် ကျား(၁၀)ဦး၊ မ(၆၀)ဦး ပေါင်း(၇၀)ဦးတို့အား (Sinopharm) အမျိုးအစားကာကွယ်ဆေး(၁)လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ဆေးလုံးရေ(၁၄)လုံးအားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ကျား(၃၂)ဦး၊ မ(၃၈)ဦး ပေါင်း(၇၀)ဦးတို့အား (Sinopharm)အမျိုးအစားကာကွယ်ဆေး(၁)လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ဆေးလုံးရေ(၁၄)လုံးအားလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးအဖြစ် ကျား(၂၉၁)ဦး၊ မ(၄၃၂)ဦး ပေါင်း(၇၂၃)ဦးတို့အား (Sinopharm)အမျိုးအစား ကာကွယ်ဆေး(၁)လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ဆေးလုံးရေ(၁၄၄.၆)လုံးအားလည်းကောင်း၊ စုစုပေါင်း(ကျား ၃၃၃ + မ ၅၃၀ = ၈၆၃ ဦး)တို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး ကျန်းမာရေးစစ်ကြောင်းအဖွဲ့ဝင်များက Mask များဝေငှပေးခဲ့ကြကြောင်းသိရသည်။ အဆိုပါကာကွယ်ဆေးထိုးနှံမှုအား ဒဂုံမြို့မရဲစခန်းမှ ရဲတပ်ကြပ်လှဝင်းပါ(၄)ဦးမှ ကူညီဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မေသန္တာ