တပ်ကုန်း စက်တင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာ ရုံးဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုမျာ အားလပ်ချိန်များတွင် အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၃ နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်ခဲ့သည်။
ထိုကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်နှင့်ဝန်ထမ်းများက သုတ၊ ရသစာအုပ်များကို မြန်မာ့စီးပွားရေးဘဏ်တွင် (အခမဲ့)ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
တင်စိုးလွင်(ပြန်/ဆက်)