ခ​မောက်ကြီးမြို့၊ ထိုင်း-မြန်မာနယ်စပ် မာရမ်းကျေးရွာတွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန် Mask Campaign လှုပ်ရှားမှုဆောင်ရွက်

ခမောက်ကြီးမြို့ စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊​ ကော့​သောင်းခရိုင်၊ ခ​မောက်ကြီးမြို့၊ ထိုင်း-မြန်မာနယ်စပ် မာရမ်းကျေးရွာတွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကူးစက်မှုမရှိစေရန် Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယ​မန်နေ့နံနက်ပိုင်းက မာရမ်းကျေးရွာဆေးရုံအနီး ရှမ်းကိုးရွာ ပတ်လမ်းမကြီး၌ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                   

ထို့သို့ ဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦးနှင့် မာရမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မာရမ်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဒေသခံပြည်သူများနှင့် ခရီးသွားများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများပေါ့ဆနေခြင်း မရှိစေရန်၊ နေအိမ်ပြင်ပသို့ ထွက်ပါကပါးစပ်၊ နှာခေါင်းစည်းများ မဖြစ်မ​နေတပ်ဆင်ကြရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်အပြည့်ထိုးနှံကြရန် နှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန်စသည်တို့ကို အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း (Mask) များ အခမဲ့တပ်ဆင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)