မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် Hand Speaker ဖြင့် လိုက်လံအသိပေးကြေညာခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုအတွင်းရှိ မင်္ဂလာဈေး၌ ယမန်နေ့နံနက်(၉)နာရီအချိန်က စျေးအတွင်း၌ ဈေးရောင်းချလျက်ရှိသည့်ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်ပြည်သူများအား လတ်တလောတွင် ဖြစ်ပွားလျက်ရှိသည့်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဖျာပုံမြို့၌ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအား ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုးသေချာစွာ တပ်ဆင်မောင်းနှင်ကြခြင်းဖြင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခြင်းကို ဖျာပုံမြို့အထွက် ဖျာပုံ-ကျိုက်လတ် ကားလမ်းမကြီးဘေးတွင် ယနေ့ နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှု အန္တရာယ်မှ ကင်ဝေးစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကို ယနေ့ နံနက်ပိုင်းက ကြံခင်းမြို့ လမ်းမတော်လမ်းနှင့် မက်သနောလမ်းဆုံ နေရာများတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ကျောင်းသား၊ ကျောင်းသူများ စိတ်ကြိုက်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ကာ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၉) နာရီခွဲက ကျောင်းသား၊ ကျောင်းသူများ စိတ်ကြိုက်ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign  ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီကစတင်ကာ Mask Campaign  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့တွင် Sinovac(Coronavac) ကာကွယ်ဆေးထိုးနှံမှုများ ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေး

ပင်လုံမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယနေ့နံနက်(ဝ၉) နာရီအချိန်က အသက် ၁၈ နှစ် အထက် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသူများနှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး အပိုဆောင်းထပ်မံထိုးရန်ကျန်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား Sinovac (Coronavac) ကာကွယ်ဆေးထိုးနှံမှုရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ကူးစက် ပျံနှံ့လာမှုအား ကြိုတင်ကာကွယ်နိုင်စေရန်နှင့် နေအိမ်ပြင်ပသို့ သွားလာတိုင်း mask တပ်ဆင်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ Mask Campaignအဖြစ် ပါးစပ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီက ဒေးဒရဲ- ဖျာပုံ- ရန်ကုန် ကားလမ်းမဆုံနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် သဘာဝရေပြင်အတွင်း ငါးမျိူးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပခန်းရပ်ကွက်၊ ကမ်းနားကြီးဆိပ်ကမ်း၌ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချ

ဒေးဒရဲမြို့၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချ ဒေးဒရဲ စက်တင်ဘာ ၂၁ မြင့်မြင့်ခိုင်
Subscribe to