ရေး စက်တင်ဘာ ၂၁
နပ်စပ်ရေးရာဝန်ကြီးဌာန၊ ရေးမြို့နယ်ဒေသဖွံ့ရေးကြီးကြပ်မှုရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာများသို့ ဆိုလာထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပထမဦးစွာ ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းက အဖွင့်အမှာစကားပြောကြားရာ ယခုလို မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးအပ်သည့် ဆိုလာပစ္စည်းများကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးကြရန်နှင့် စနစ်တကျအသုံးပြုကြရန်၊ ကျေးရွာများတွင် မီးရရှိမှသာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်ပြီး မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်ဒေသဖွံ့ဖြိုးရေးကြီးကြပ်မှုရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသောင်းစိန်က ယခုဘဏ္ဍာနှစ်တွင် ဆိုလာ ၂၁၆ စုံ ထောက်ပံ့ပေးနိုင်ပြီး လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ယခုထက်ပိုမိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးအေးမင်းကျော်၊ ဦးနိုင်မျိုးအောင်တို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ကိုယ်စားလှယ်များထံသို့ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ဆိုလာပြား 60 Watt၊ ဘတ်ထရီ 40 Ah၊ အင်ဗာတာ 300 Watt၊ 10A ဆိုလာကွန်ထရိုလာ၊ 5 Watt LED မီးလုံး(၂)လုံး၊ 10 Watt LED မီးချောင်း(၁)ချောင်း၊ ဆိုလာပါဝါကြိုးနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် (၁)စုံလျှင် ၂၆၉၅၀၀/- တန်းဖိုးရှိ ဆိုလာများကို နှင်းစုံကျေးရွာအုပ်စု၊ မင်းလှအေးကျေးရွာသို့ (၄၂)စုံ၊ ဘီစိုင်ကျေးရွာသို့ (၄၈)စုံ၊ ကနင်ကမော့ကျေးရွာ အုပ်စု၊ စုစည်းမြိုင်ကျေးရွာသို့ (၇၀)စုံနှင့် ဘဲလမုကျေးရွာအုပ်စု ဘရောင်း ကျေးရွာသို့ (၅၆)စုံ စုစုပေါင်း (၂၁၆)စုံ တန်ဖိုးငွေ ၅၈၂၁၂၀၀၀/-တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ဒေသဖွံ့ဖြိုးရေး ကြီးကြပ်မှုရုံး တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်၊ ပြန်/ဆက်