မန္တလေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေး စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီလုပ်ငန်းကော်မတီအစည်းအဝေး ၁/၂၀၂၂ နှင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချမ်းအေးသာစံမြို့နယ်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအတွင်းရေးမှူးမှ ကော်မတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းနှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပနိုင်ရန် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

ထို့နောက် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာ ကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနား ကျင်းပနိုင်ရေး အတွက် လိုအပ်သည်များကို ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်အောင်(ခရိုင်ပြန်/ဆက်)