သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် နေ့စဉ်ဆောင်ရွက်ပေး

သရက်ချောင်း စက်တင်ဘာ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဉ်နံနက် ၉ နာရီခွဲအချိန်မှစ၍ ထိုးနှံပေးလျက် ရှိသိရသည်။

ထို့သို့ထိုးနှံပေးလျက်ရှိရာ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသော ပြည်သူများ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများ၊ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆) လပြည့်ပြီးသူများအား Booster Dose ကို ဆက်လက်ထိုးနှံပေးပြီး ရဟန်းသံဃာများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သားကြီး (သရက်ချောင်း)