ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်

ဓနုဖြူ စက်တင်ဘာလ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဆောင်ရွက်ခဲ့သည်။

ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှု ရှိစေရန်ရည်ရွယ်ပြီး ဓနုဖြူမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ လမ်းများတွင် မော်တော်ဆိုင်ကယ် မောင်းနင်သူများအနေဖြင့် စက်တင်ဘာလ (၂၀)ရက်နေ့၊ နံနက် (၆)နာရီအချိန်မှစတင်ကာ ယာဉ်မောင်းလိုင်စင်/ ယာဉ်လိုင်စင်ပါရှိရေး၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းစေရေး၊ ဆိုင်ကယ်တွင်နောက်ကြည့်မှန် တပ်ဆင်ထားရှိရေး၊ နံပါတ်ပြား တပ်ဆင်ထားရှိရေး၊ ပါဝါအိတ်ဇောများမတပ်ဆင်ရေး၊ ဆိုင်ကယ်စီးလျှင် (၂)ဦးထက်ပို၍ မစီးစေရေး၊ အရက်သေစာသောက်စား၍ မောင်းနှင်ခြင်း မပြုစေရေးတို့ကို စက်တင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းတွင် ရပ်ကွက်နေပြည်သူများ သိရှိစေရေးအတွက် အသိပေးနှိုးဆော်ထားပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှုမရှိသော ယာဥ်များအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)