ဓနုဖြူ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြင်ကသာကျေးရွာ၊ အ.ထ.က(ပြင်ကသာ) ကျောင်းခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အားကစားမှူး ဦးအောင်ဇော်လင်းက လူငယ်နှင့် ခေါင်းဆောင်မှုခေါင်းစဥ်ဖြင့် ဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်များဖြင့် ဟောပြောခြင်း၊ တိုင်းရင်းဆေးကုသဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဌေးက မိုးရာသီတွင် ဖြစ်တက်သောရောဂါနှင့် ဆောင်ရန်ရှောင်ရန် အစားအစာများအကြောင်း အသိပညာပေး ပြောကြားခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မြို့နယ်အားကစားမှူး ဦးအောင်ဇော်လင်းက ကျောင်းအုပ်ဆရာကြီးထံ အားကစားပစ္စည်းများ ပေးအပ်ပြီး ကျောင်းသား/သူများအား ခြင်းအလှခတ် ပြသခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များပြသ၍ မြို့နယ်တိုင်းရင်းဆေးကုသဌာနမှ တိုင်းရင်းဆေးကုသပေးပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား/သူနှင့် ဆရာ/ ဆရာမ (၂၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြိုနယ်(ပြန်/ဆက်)