ကလိန်အောင် စက်တင်ဘာ ၂၁
စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြား တတ်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်များအခမဲ့သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူ စာငှား/စာဖတ်သူများအနေဖြင့် အလွယ်တကူ စာအုပ်ငှားရမ်းဖတ်ရှုနိုင်စေရန်၊ အားလပ်သောအချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတရရှိစေရန်၊ စာအုပ်စာပေမှရရှိသော အသိပညာ၊ အတတ်ပညာများတိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိလာစေရန် ရည်ရွယ်၍ သုတ/ရသစာအုပ်များကို (၁)ပတ် တစ်ကြိမ်လဲလှယ်ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိသတ်ပြည်သူများမှ မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်များကို ရွေးချယ်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့