ဖျာပုံ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအား ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုးသေချာစွာ တပ်ဆင်မောင်းနှင်ကြခြင်းဖြင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခြင်းကို ဖျာပုံမြို့အထွက် ဖျာပုံ-ကျိုက်လတ် ကားလမ်းမကြီးဘေးတွင် ယနေ့ နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဆောင်ရွက်ရာတွင် ဖျာပုံခရိုင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ အမှတ် (၈၀)ယာဥ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှတပ်ဖွဲ့စုမှူး ဒုရဲမှူး ယဥ်မင်းသိုက်က မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအား၊ ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုးသေချာစွာ တပ်ဆင်မောင်းနှင်ကြရန်နှင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများအား အသေးစိတ်ရှင်းလင်းပြောကြားပြီး၊ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့ယာယီရဲမှူး ဌေးနိုင်ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး စောနေနိုင်ထွန်း၊ အမှတ် (၈၀) ယာဥ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှတပ်ဖွဲ့စုမှူး ဒုရဲမှူးနှင့် တပ်ဖွဲဝင်များက အသိပညာပေး ဆောင်ရွက်ကြပြီး ဖျာပုံမြို့နယ်အနေဖြင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေး ဆိုင်းဘုတ်များကိုလည်း၊ မြို့နယ်အတွင်းရှိ မြို့ဝင်မြို့ထွက်နှင့်လူစည်ကားရာ လမ်းဆုံနေရာများတွင် စိုက်ထူထားပြီး၊ အသိပညာပေးဟောပြောခြင်းတို့ကို နေ့ရက်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)