ကျောက်တန်း စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီကစတင်ကာ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်ဦးဆောင်၍ ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ အများပြည်သူအသွားအလာများသည့် မြို့မဈေးပတ်ဝန်းကျင်၊ မင်းကျောင်းလမ်း၊ သန်လျင်-ကျောက်တန်းလမ်းမကြီးနှင့် အ.ထ.က(၁)ကျောင်းရှေ့ ရွှေညောင်ပင်လမ်းမကြီးတို့တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြချက်များအား အလေးထားလိုက်နာကြရန်နှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး Mask မပါသူများအား Mask များအခမဲ့ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်