ပင်လုံ စက်တင်ဘာ ၂၁
ပင်လုံမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယနေ့နံနက်(ဝ၉) နာရီအချိန်က အသက် ၁၈ နှစ် အထက် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသူများနှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး အပိုဆောင်းထပ်မံထိုးရန်ကျန်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား Sinovac (Coronavac) ကာကွယ်ဆေးထိုးနှံမှုရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ကြသူများအား လွယ်ကူချောမွေ့စွာ ထိုးနှံနိုင် ရေးအတွက်ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်နှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးခြင်း၊ ခြောက်ပေအကွာမှာစောင့်ဆိုင်းစေခြင်း၊ ကိုဗစ်ဆေးထိုးနှံပြီးပါက စောင့်ကြည့်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)