ဟင်္သာတမြို့နယ်တွင် သဘာဝရေပြင်အတွင်း ငါးမျိူးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ဟင်္သာတ စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပခန်းရပ်ကွက်၊ ကမ်းနားကြီးဆိပ်ကမ်း၌ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်သဘာဝရေပြင်အတွင်း ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်း၊ ငါးမျိူးမပြုန်းတီးရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဧရာဝတီမြစ်၊ ငဝန်မြစ်အတွင်းရှိ ရေလုပ်သားများအား ငါးဖမ်းရာတွင် ရှော့တိုက်ဖမ်းခြင်းများ မပြုလုပ်ရန်နှင့် သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာကြရန် စည်းကမ်းချက်များထုတ်ပြန်ကာ အရေးယူ ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း ငါးမြစ်ချင်းအကောင်ရေ တစ်သိန်းငါးသောင်းအား ဧရာဝတီမြစ် သဘာဝရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ကျော်မြသန်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြပြီး ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၁၅၀၀၀၀)အား စုပေါင်းလွှတ်ပေးခဲ့ကြောင်း သိရသည်။

ကိုဇော်