ချမ်းအေးသာစံ စက်တင်ဘာ ၂၁
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ကာ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၉) နာရီခွဲက ကျောင်းသား၊ ကျောင်းသူများ စိတ်ကြိုက်ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပပေးခဲ့ကြောင်း သိရသည်။
စိတ်ကြိုက်ကဗျာရွတ်ဆို ပြိုင်ပွဲတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က Community Centre တွင် ပြိုင်ပွဲများ ကျင်းပပေး နေမှုများအကြောင်းနှင့် ကဗျာရွတ်ဆိပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ကာ ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်းပရာ မင်းကွန်းသရက်ပင်ကျောင်းတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အမှတ် (၅) မှ စတုတ္ထတန်းနှင့်ပဥ္စမတန်းမှ ကျောင်းသား၊ ကျောင်းသူ (၁၄) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမဆု မဆုမြတ်သဇင်၊ ဒုတိယဆု မောင်သက်ဘုန်းအောင်နှင့် တတိယ မဖြူစင်ဝတ်မှုန်တို့က ရရှိခဲ့ရာ ဆုရရှိသူများအား ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်