ကြံခင်းမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ကြံခင်း စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှု အန္တရာယ်မှ ကင်ဝေးစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကို ယနေ့ နံနက်ပိုင်းက ကြံခင်းမြို့ လမ်းမတော်လမ်းနှင့် မက်သနောလမ်းဆုံ နေရာများတွင်  စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကြံခင်းမြို့နယ်အတွင်း ယာဉ်အန္တရာယ် ကင်းဝေးစေရန်၊ ယာဉ်တိုက်မှုလျော့နည်း ကျဆင်းပပျောက်စေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲအုပ်ဝင်းဇော်ဌေးနှင့် တာဝန်ရှိသူများက အဖွဲ့များခွဲပြီး မော်တော်ဆိုင်ကယ် စီးနင်းသူများတွင် ဆိုင်ကယ်စီး ဦးထုပ်ပါရှိရေး၊ မေးသိုင်းကြိုးတပ်ဆင်ပြီးစီးရန်၊ လူသုံးယောက်တင်၍ မစီးရန်၊ မော်တော်ယာဉ်များတွင် ပါရှိရမည့် အချက်များ၊ ဘက်မှန်၊ နံပါတ်ပြားနှင့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်ဦးထုပ်များအသုံးပြုရန် စည်းကမ်းလိုက်နာကြရန်နှင့် ဥပဒေနှင့် မလွတ်ကင်းသောပစ္စည်းများ သယ်ဆောင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အလားတူကြံခင်းမြို့နယ် ဘက်ရဲမြို့တွင်လည်း ယာဉ်အန္တရာယ်ကင်းဝေးစေရန် ကြံခင်း-ဘက်ရဲ ကားလမ်းမကြီးနှင့် ဘက်ရဲမြို့ အတွင်း/အပြင်တွင် ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ ဘက်ရဲမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်ကိုနှင့် တာဝန်ရှိသူများက မော်တော်ဆိုင်ကယ် မောင်းနှင်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊  မော်တော်ယာဉ်များ မောင်းနှင်ရာတွင် ခါးပတ်ပတ်ပြီး မောင်းနှင်ရန် ယာဉ်စည်းကမ်း လိုက်နာမှုမရှိသော ယာဉ်နှင့် ယာဉ်ပိုင်ရှင်များအား ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)