မင်္ဂလာဒုံ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုအတွင်းရှိ မင်္ဂလာဈေး၌ ယမန်နေ့နံနက်(၉)နာရီအချိန်က စျေးအတွင်း၌ ဈေးရောင်းချလျက်ရှိသည့်ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်ပြည်သူများအား လတ်တလောတွင် ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီနေထိုင်ကြရေးကို Hand Speaker(လက်ကိုင်လော်အသေး)ဖြင့် လိုက်လံအသိပေးကြေညာခြင်းနှင့် Mask Campaign လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျန်းမာရေးအသိပညာပေးလုပ်ငန်းများနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစီးမှူး ဦးသန်းဦးခေါင်းဆောင်သောအဖွဲ့ဝင်များနှင့် မင်္ဂလာဈေးတာဝန်ခံ ဒေါ်သိင်္ဂီနှင့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းတာဝန်ရှိသူထံမှ သိရှိရသည်။
မြတ်မွန်ခင် (မင်္ဂလာဒုံ)