မင်္ဂလာဒုံ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယမန်နေ့နံနက်(၉)နာရီအချိန်က အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် အပိုဆောင်းကာကွယ်ဆေး Sinovac(Coronavac)များ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ထောက်ကြန့်ကျန်းမာရေးဆေးခန်းမှ ကျန်းမာရေးမှူး၊ ဦးထွန်းကျော်နိုင်၊ ဆရာမဒေါ်သူဇာဝင်း၊ ဆရာတင်ဇော်ထွေးတို့မှဦးဆောင်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှတပ်စုမှူးဒေါ်သီတာလွင်နှင့် အဖွဲ့ဝင်(၅)ဦးတို့ပါဝင်သော အဖွဲ့ဝင်များက ကျောင်းသား(၁၈၉)ဦးနှင့် ကျောင်းသူ(၁၇၁)ဦး စုစုပေါင်း(၃၆၀)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရှိရသည်။
မြတ်မွန်ခင် (မင်္ဂလာဒုံ)