သံတွဲ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများစာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်ပြီး စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သောဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်မပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေးတို့အတွက် (Mobile Library Bus) ဖြင့် အခမဲ့စာအုပ်အငှားဝန်ဆောင်မှုပေးခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီက သံတွဲခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနများသို့ သုတရသစာအုပ်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာငှားကတ်များ၊ ရပ်ကွက်ကျေးရွာများနှင့် ဌာနဆိုင်ရာများသို့ စာအုပ်အငှားဝန်ဆောင်မှုပေးခြင်းကို နှစ်ပတ်တစ်ကြိမ်အလှည့်ကျ ဆောင်ရွက်ပေးလျက်ရှိပြီး အသင်းဝင်အသစ်များအတွက် စာငှားကတ်များလည်း အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန္ဒာကြည်(ခရိုင်ပြန်/ ဆက်)