ရှင်ဗွေယန်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး

ရှင်ဗွေယန် စက်တင်ဘာ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို​ ယမန်နေ့ နံနက် ၁၀ နာရီတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ကျေးလက်ကျန်းမာရေးဌာနမှ   ကျန်းမာရေးဝန်ထမ်းများက ရှင်ဗွေယန်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် Grade-4 မှ Grade-11 အထိ ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူ ကျား (၁၅၉)ဦးနှင့် မ (၁၈၆)ဦး စုစုပေါင်း (၃၄၅)ဦးတို့အား ကိုဗစ် - ၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ထိုးနှံပေးခဲ့သည်။

ထိုသို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာသို့ ​ရှင်ဗွေယန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးဦးလွင်ဦး၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုး တော်ဆောင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြ သည်။

ရှင်ဗွေယန်(ပြန်/ဆက်)