မြောင်းမြမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်စေရန် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ပြီးစီး

မြောင်းမြ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အရည်အသွေး တိုးတက်မြင့်မားလာစေရန်နှင့် ဘက်စုံထူးချွန်သူများ ဖြစ်လာစေရန်အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ စက်တင်ဘာ ၁၉ ရက်နေ့မှစ၍ အခမ်းအနားမှူး သင်တန်းကို (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းနောက်ဆုံးနေ့နှင့် သင်တန်း ဆင်းပွဲကျင်းပ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်ကြားပြသရာ အခမ်းအနားမှူး စကားရပ်၏ အဓိပ္ပါယ်၊ အခမ်းအနားမှူး တစ်ယောက်ရှိရမည့် အရည်အချင်းများ၊ ဝတ်စား ဆင်ယင်မှုများ၊ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် များ၊ ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ လေယူ လေသိမ်း အသံပိုင်းဆိုင်ရာထားရှိမှုများ၊  မိုက်ကရိုဖုန်း အသုံးပြုပုံများ၊  အခမ်းအနားမစတင်မီ ​ပြောရမည့်စကားများ၊ အခမ်းအနားကျင်းပနေစဉ်အတွင်း လုပ်ဆောင်ရ မည့်အချက်များ၊ အခမ်းအနားမှူး တစ်ယောက်အနေဖြင့် ဆောင်ရန်ရှောင်ရန်များကို စာတွေ့လက်တွေ့ သင်ကြား ပြသပေးခဲ့ပြီး သင်တန်းနောက်ဆုံးနေ့ သင်တန်းဆင်းပွဲတွင် ထူးချွန်သူ သင်တန်းသူ ၃ ဦးအား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။  

မြောင်းမြခရိုင် (ပြန်/ဆက်)