ကျိုင်းလပ် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ အသားငါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ သိရှိနိုင်ရန် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း အသားငါးရောင်းချသည့်ဆိုင်များအား ယနေ့နံနက် ၈ နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့တာဝန်ခံ ဦးအားဝေက ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာရပ်ကွက်အတွင်း ဖွင့်လှစ်ရောင်းချသည့် အသားငါးဆိုင်များတွင် ကျေးလက်ဒေသခံပြည်သူများအနေဖြင့် အသားငါးများကို သတ်မှတ်ဈေးနှုန်းဖြင့်သာ ဝယ်ယူစားသုံးနိုင်စေရန် အသားငါးများရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ဆိုင်ပိုင်ရှင်များအနေဖြင့် အသားငါးများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ သတ်မှတ်ဈေးနှုန်းဖြင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးလျက်ရှိကြောင်း စည်ပင်သာယာရေးဌာနမှ သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)