ကျောက်ဆည်မြို့နယ်တွင် မြေပဲ (၁၁၃)၊ နှမ်း(၃၇၆၈)ဧက၊ နေကြာ(၂၆၈၇)ဧကစိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ ဆီထွက်သီးနှံများဖြစ်သော မြေပဲ(၁၁၃)ဧက၊ နှမ်း(၃၇၆၈)နှင့် နေကြာ(၂၆၈၇)ဧက  စိုက်ပျိုးပြီး ဖြစ်ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

ဆီထွက်သီနှံများ စိုက်ပျိုးရာတွင် မြေပဲသီးနှံကို တိုက်နယ်(၁)ကျေးရွာအုပ်စု(၇)အုပ်စုတွင် (၅၂) ဧက၊  တိုက်နယ်(၂) ကျေးရွာအုပ်စု (၅) အုပ်စုတွင် (၄၆) ဧက၊ တိုက်နယ်(၁၂) ကျေးရွာအုပ်စု (၇) အုပ်စုတွင် (၁၅) ဧက၊ စုစုပေါင်း(၁၁၃)ဧက၊ နှမ်းသီးနှံကို တိုက်နယ်(၁)ကျေးရွာအုပ်စု(၇)အုပ်စုတွင် (၇၅၃) ဧက၊  တိုက်နယ်(၂)ကျေးရွာ အုပ်စု (၅) အုပ်စုတွင် (၇၄၇) ဧက၊  တိုက်နယ်(၆)ကျေးရွာအုပ်စု (၅)အုပ်စုတွင် (၇၈၀) ဧက၊  တိုက်နယ်(၇)ကျေးရွာအုပ်စု (၁၀) အုပ်စုတွင် (၁၃၈) ဧက၊  တိုက်နယ် (၈) ကျေးရွာအုပ်စု (၈) အုပ်စုတွင် (၃၀၅) ဧက၊  တိုက်နယ် (၁၀) ကျေးရွာအုပ်စု (၆) အုပ်စုတွင် (၆၇၆) ဧက၊  တိုက်နယ် (၁၁) ကျေးရွာအုပ်စု(၆)အုပ်စုတွင် (၁၈၅) ဧက၊  တိုက်နယ်(၁၂)ကျေးရွာအုပ်စု(၇)အုပ်စုတွင် (၁၈၄) ဧက၊ စုစုပေါင်း (၃၇၆၈)ဧက၊ နေကြာသီးနှံကို တိုက်နယ်(၁)ကျေးရွာအုပ်စု(၇)အုပ်စုတွင် (၈၉၃) ဧက၊  တိုက်နယ်(၂)ကျေးရွာအုပ်စု(၅)အုပ်စုတွင် (၁၆၀) ဧက၊ တိုက်နယ်(၃) ကျေးရွာအုပ်စု (၁၀) အုပ်စုတွင် (၅၄) ဧက၊  တိုက်နယ်(၄)ကျေးရွာအုပ်စု(၈)အုပ်စုတွင် (၇၇) ဧက၊ တိုက်နယ်(၅)ကျေးရွာအုပ်စု (၁၂) အုပ်စုတွင် (၁၃) ဧက၊  တိုက်နယ်(၆)ကျေးရွာအုပ်စု (၅) အုပ်စုတွင် (၄၅) ဧက၊ တိုက်နယ် (၇) ကျေးရွာအုပ်စု (၁၀) အုပ်စုတွင် (၅၁) ဧက၊ တိုက်နယ် (၈) ကျေးရွာအုပ်စု(၈)အုပ်စုတွင် (၁၀၁၅) ဧက၊ တိုက်နယ် (၉) ကျေးရွာအုပ်စု(၅)အုပ်စုတွင် (၅၈) ဧက၊  တိုက်နယ်(၉)ကျေးရွာအုပ်စု (၅) အုပ်စုတွင် (၁၀) ဧက၊  တိုက်နယ်(၁၁)ကျေးရွာအုပ်စု (၆)အုပ်စုတွင် (၈၃) ဧက၊  တိုက်နယ်(၁၂) ကျေးရွာအုပ်စု (၇) အုပ်စုတွင် (၂၂၈) ဧက၊  စုစုပေါင်း (၂၆၈၇)ဧက စိုက်ပျိုးပြီးကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးပြီး မြေပဲ (၁၁၃) ဧက၊ နှမ်း (၃၇၆၈) ဧက၊ နေကြာ(၂၆၈၇)ဧက စုစုပေါင်း ဆီထွက်သီးနှံ (၆၅၆၈) ဧကအား အပင်ဖြစ်ထွန်းရေးနှင့် အထွက်နှုန်း ကောင်း မွန်စေရေးနည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ထွေး