တောင်ငူမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ငူ  စက်တင်ဘာ  ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ နတ်သျှင်နောင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်း က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ အစည်းအဝေးကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆိုင်ကယ်စီး ဦးထုပ်စနစ်တကျ ဆောင်းရေးပညာပေး လှုံ့ဆော်ရေး၊ လိုက်နာမှုမရှိပါက ယာဉ်စည်းကမ်းအရ အရေးယူရေး၊ ပူးပေါင်းအဖွဲ့များဖြင့် ကြပ်မတ်မှုပေးရေး၊ ယာဉ်ကြီးများ မဝင်ရလမ်းများ သတ်မှတ်ရေး၊ စည်းကမ်းမဲ့ဘေးတွဲဆိုင်ကယ်များ ထိန်းသိမ်းရေး၊ မီးပွိုင့်များ ကောင်းမွန်ရေးနှင့် လမ်းအမှတ်အသား Road Sign အပါအဝင် ပြုပြင်ပြောင်းလဲရမည့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

၂၀၂၂ ခုနှစ်အတွင်း တောင်ငူမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာမှုကြောင့် ဆိုင်ကယ်(၂၃၃၄)မှုနှင့် မော်တော်ယာဉ်(၈၀)မှု အရေးယူခဲ့သော်လည်း လိုက်နာရန် လိုအပ်ချက်များရှိနေ၍ စနစ်တကျသွားလာနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)