မြင်းခြံမြို့  စည်ပင်သာယာဈေးတွင် Mask Campaign ပြုလုပ်

မြင်းခြံ စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ စည်ပင်သာယာဈေးတွင် မန်နေ့နံနက် နာရီ အချိန်က Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

စည်ပင်သာယာဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် Mask တပ်ဆင်ရေးအတွက် Mask အခုရေ (၁၀၀၀) ကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဦးတင်ငြိမ်း၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊  မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပေးဝေခဲ့ကြသည်။

မြင်းခြံမြို့တွင် ကျန်ရှိနေသေးသည့် အေးမြသီတာဈေးနှင့် စံပြဈေးတို့ကို နောက်ရက် များတွက် ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)