သနပ်ပင် စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါကြွယ်ဝရေး၊ ငါးစားသုံးမှု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်း က ဘူတာပိုင်းရပ်ကွက် မြို့မဈေးတံတားအနီး ပဲခူး-စစ်တောင်း တူးမြောင်းတာပေါင်၌ ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်းဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးမျိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ်ငါးစိုက်ထည့်ခြင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်အေး၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဦးသက်နောင်၊ ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဝန်ထမ်းများ၊ ပဲခူးငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးသူရမိုးအောင်နှင့် ဝန်ထမ်းများ၊ သနပ်ပင်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်စန်းစန်းဦးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်၍ နှစ်လက်မအရွယ် ငါးမြစ်ချင်း အကောင်ရေ (၆)သိန်း၊ ငါးခုံးမကြီးအကောင်ရေ (၁.၅)သိန်း၊ စုစုပေါင်း ငါးသားပေါက်အကောင်ရေ (၇.၅)သိန်း ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)